ထုတ်ဝေပုံနှိပ်မလုပ်ရသေးတဲ့ ကဗျာစုစည်းမှုတွေထဲ မပါသေးတဲ့ ကဗျာတွေ

နွေဦးရောက်တော့ နှင်းတွေထွက်ပြေးသွား
နွေဦးရောက်တော့ နှင်းတွေထွက်ပြေးသွား
၁၆.၀၂.၂၀၂၃

နွေဦးရောက်တော့ နှင်းတွေထွက်ပြေးသွား ၁၅ လမ်းထဲမှာ ချွေးတွေနဲ့ ငုတ်တုတ်ထိုင် အိပ်မက်မက် လက်ထိပ်တွေမာအောင် ကျင့်ထားတဲ့ ငယ်သူငယ်ချင်းလို့ ဆိုသူနဲ့ ပြန်တွေ့ (ဟုတ္မွာပါ) ဒီကောင် ရေစုန်မျောနေပြီ အိပ်ဇောငွေ့ အပူတွေထဲ ဒီကောင့် ရုပ်ရည်ကို တံလျှပ်ထင်မိ သူကိုယ္တိုင္က ဆူညံမႈလိုပဲ စကားအပြောရပ်တဲ့အချိန်မှာတောင် ဒီကောင့်ရဲ့ ပြီးသွားတဲ့ဇာတ်လမ်းတွေဟာ နောက်ခံတီးလုံးနဲ့ စာတန်းထိုးနေဆဲ အသက်တွေကြီးလာကြပြ

တရားခံ
တရားခံ
၁၄.၀၂.၂၀၂၃

တရားခံ မိုးကြီးချိမ့်ချိမ့် သည်းတဲ့ညက အရူးမဟာ နောက်ထပ်တခါ ကိုယ်ဝန်ရခဲ့ အရူးမဗိုက် ပေါက်ထွက် တော့မတတ်စူလာတော့ နွေဟာ သိပ်ပူပြီ လူတွေ အတွေးအခေါ်မုန်တိုင်းထူပြီ မိုးကြီးမှောင်လာတိုင်း အရူးမတွေရဲ့ဗိုက်ထဲ ဘဝတခု ထပ် ရောက် တော့မယ် (မိုးကြီးမှောင်မိုက် နေသလို ဘဝတခုပေါ့) သစ်ရွက် တွေလို ခြောက်ပြီး ကြွေသွားရင် ကေားမယ် မိုးရေတွေလို တနည်းနည်းနဲ့ ပျောက်သွားရင် ကောင်းမယ် ဘ

ဒီလိုပဲဆိုပေမယ့် တကယ်လားဆိုရင်တော့ ငြင်းရမှာ
ဒီလိုပဲဆိုပေမယ့်တကယ်လားဆိုရင်တော့ငြင်းရမှာ
၁၄.၀၂.၂၀၂၃

ဒီလိုပဲဆိုပေမယ့် တကယ်လားဆိုရင်တော့ ငြင်းရမှာ တနှစ်မှာ အနည်းဆုံး ခုနစ်ဆယ့်တခါ ဒါမျိုး ဖြစ်ဖူးပြီးသားပဲလို့ ငါတို့ တွေးကြပါတယ် အဲဒီဖြစ်ဖူးပြီးသားကြီးထဲမှာတောင်မှ လက်ဖက်သုပ်ထဲ ဘယ်တော့မှ ကြက်သွန်ဖြူမပါ (တော်တော်ကြောင်တဲ့ ကောင်တွေ) မပေါက်သေးတဲ့ ပူစီဖောင်းတလုံးဟာ အမြဲအားနည်းချက်ရှာရခက်တယ် အာလူးတလုံး လမ်းပေါ်မြင်မိတာနဲ့ တွေးစရာတွေက ဟိုကဒီက ရရလာတတ်ပါတယ် နိုင်ငံတော်ကလဲ လမ်းပေါ်ခရမ်းချဉ်သီးကို

သမိုင်းဆိုင်ရာ နို့ဆီခွက်
သမိုင်းဆိုင်ရာ နို့ဆီခွက်
၁၄.၀၂.၂၀၂၃

သမိုင်းဆိုင်ရာ နို့ဆီခွက် ဘုရားစောင်းတန်း လှေကားအဆုံးမှာ ကွန်ဒုံးတွေ အခြေအမြစ်မရှိတဲ့ လေပူဖောင်းတွေရဲ့ စိတ်ကြီးဝင်မှု စနေနေ့မှာ သူတို့တင်လိုက်ရင် ဗုဒ္ဓဟူး အကြောင်းတွေချည့် ဆောက်လုပ်စတိုက်နံဘေးက သဲပုံကို ခွေးတကောင် ယက်ထုတ်နေ ကားဆရာက သူ့ဘဝ နှစ်၄ဝဇာတ်လမ်းကို မိုင်၄ဝအတွင်း အရှိန်ပြင်းစွာ ပြောပြခဲ့ ဖေပုရှိန် အင်္ဂလန်ကိုအသွား ငါ့အဘိုးဟာ အနာဂတ်မှာလာမယ့် ဂျပန်ငပုအကောင်နှစ်ဆယ်ကို ဒူးတွေချည့် ဖြတ်ခဲ့တ

ထိုင်နေတယ်
ထိုင်နေတယ်
၁၄.၀၂.၂၀၂၃

ထိုင်နေတယ် ကိုယ်က အဲဒီအနားမှာ ထိုင်နေတယ် ပတ်ဝန်းကျင်ပရဝုဏ်ရဲ့ ကြီးစိုးမှု ထုထည်ကြီးထဲမှာ ဖန်လုံးထဲက ငွေစ‌တစလို ကိုယ်က ထိုင်နေတယ် သက်ရှိတွေကလဲ သက်ရှိဆိုတာထက် လှိုင်းတံပိုးတွေ ဖြစ်နေတယ် ကမ္ဘာကြီးပင်လယ်ရဲ့ လှိုင်းတံပိုးတွေပေါ့ လှတယ်လို့ မြင်ရင်တော့ လှနေတာပဲ ကိုယ်ကအဲဒီအနားမှာပဲ ဖြစ်ပျက်သိဆိုတာထက်ပိုတဲ့ ထိသိစုပ်ဝဲယန္တရားကြီးတခုလို ထိုင်နေတာ တချို့အဖြစ်အပျက်လေးတွေ ကိုယ်ရဲ့ အဲဒီမှာ ထိုင်နေမ

ထီးဝါလေးအောက်မှာဆိုတော့
ထီးဝါလေးအောက်မှာ ဆိုတော့
၀၆.၀၂.၂၀၂၃

ထီးဝါလေးအောက်မှာဆိုတော့ ကျေးငှက်ကလေးများကလည်း တကျွိကျီနဲ့ဆိုတော့ သစ်ရွက်စိမ်းတွေအကြား သစ်ရွက်ခြောက်တွေ ပွတ်တိုက်ကြွေကြသံကိုလည်း နားနဲ့ဆတ်ဆတ်ကြားရပြန်တော့ နောက်ပြီး ဓာတ်တိုင်ပေါ်တက်သွားတဲ့ ပုရွတ်ဆိတ်ကလေးများကလည်း ထင်ထင်ရှားရှား သေးငယ်နေပြန်တော့ လောကသဘာဝကို မေးထောက်ထိုင်ကြည့်နေရုံပါပဲ လူတွေအပေါ် သစ္စာမဲ့ရတာကလည်း တော်တော့်ကို လွယ်ပါတယ် တနေ့တနေ့ကိုလည်း တော်တော်ရောက်အောင်သွားရပါတယ်

အရင်းရှင်စနစ်ရဲ့ ဖရီးဝန်ဆောင်မှုတွေထဲ ကြီးပြင်းလာသူ အချစ်ကလေးရေ့
ဖြစ်တည်မှုပဓာနဝါဒနောက်ကျောတွေ
၀၅.၀၂.၂၀၂၃

ဖြစ်တည်မှု ပဓာနဝါဒ နောက်ကျောတွေ ရုပ်ရှင်ရိုက်ကွင်းတခုမှာ မင်းသားဘေးက ငါ ဖြတ်လျှောက်လာ ငါ့ နောက်ကျောဟာ အများပြည်သူရှေ့ ရောက်သွားတယ် ထို ငါ့နောက်ကျောကြီး အော်စကာ ဆန်ကာတင်ထဲပါလာ ခေတ်အဆက်ဆက် နောက်ကျောတွေထဲ ငါ့ နောက်ကျောဟာ လူသားတိုင်းရဲ့ ဖြစ်ရှိမှုကို အဖော်ကျူးနိုင်ဆုံး နောက်ကျောကြီးပဲတဲ့ ငါလည်း သိပ်မသိပါဘူး ငါ့ နောက်ကျောဟာ ငါ့နောက်ကျောပဲ ဆိုပေမယ့် ငါ့နောက်ကျောကို ဓားနဲ့ထိုးဖို့လုပ်ရင်တော့

ဖဲထီကလေးတွေ တိမ်ရောင်စုံ
ဖဲထီးကလေးတွေ တိမ်ရောင်စုံ
၀၅.၀၂.၂၀၂၃

ဖဲထီးကလေးတွေ တိမ်ရောင်စုံ ဝါဂွမ်းဆိုင်ကြီးကို ဒါမှမဟုတ် ဆေးဖြူသုတ်ထားတဲ့ ကျောက်ဆောင်ကြီးကို ခေါင်းနဲ့ပြေးဆောင့်ဖို့ ဖဲထီးလှလှလေးတွေရှိတယ် တွန်းဖွင့်ဝင်ရမယ့် မှန်သားနောက် ဖဲထီးလှလှလေးတွေ ရှိတယ် ပန်းပွင့်ကလေးတွေ ကာတွန်းရုပ်ကလေးတွေပါတယ် ချုပ်ပုံချုပ်သားကောင်းတယ် စမတ်ကျတယ် အရွက်အသားထူထဲလွန်းလို့ ခြေထောက်အပြတ်တွေ ထောင်ထားသလိုပဲ ဆင်းရဲသားဖို့ တလက် နင်းပြားဖို့ တလက် စိတ်ကူးယဉ်နေတဲ့ ကောင်မလ

ကပ်ဖ်ကာများ
ကပ်ဖ်ကာများ
၀၄.၀၂.၂၀၂၃

ကပ်ဖ်ကာများ တိကျတဲ့ လေထုဖိအားနဲ့စိုထိုင်းဆများ တိကျတဲ့ လူ့အဖွဲ့အစည်းသားအိမ်ညှစ်ထုတ်မှုအားတို့အရ ကပ်ဖ်ကာများ အရှေ့အရပ်ကို ရောက်လာကြတယ် ဖက်ရမ်းနမ်းရှုပ်နေတဲ့အကြားက အထီးကျန်သူကပ်ဖ်ကာ ရေယုန်ခါးပတ်စလွယ်ပိုက်လို့ စာပို့ခိုများနဲ့သာ မေတ္တာသွားလာခွင့်ရခဲ့သူ ကပ်ဖ်ကာ အိမ်ပေါ်ကမောင်းချခံလိုက်ရသူ ထိုးသွင်းဒဏ်ရာများနဲ့ ကပ်ဖ်ကာ ဟိုတယောက်ကလဲ ပိန်သေးအဆံချောင် ကပ်ဖ်ကာ ဒီငနဲကလဲ တွံတေးတူးမြောင်းဖောက်ပြ

စက္ကူဖြူဟောစာတမ်း
စက္ကူဖြူ ဟောစာတမ်း
၀၂.၀၂.၂၀၂၃

စက္ကူဖြူဟောစာတမ်း အိပ်မက်တခုတည်း ခြောက်လ မက်မယ် ဝေါ်ကိတတိုင်တည်းနဲ့ နှစ်ရက် ကောင်းမယ် အမွှေးတိုင်တွေကြောင့် အတွေးတွေ နံမယ် ညစ်နွမ်းမယ် ဗေဒင်ဆရာဟာ စိတ်အားတက်ကြွဖွယ် ဟောစာတမ်းစာရွက်ကို သုံးခေါက်ချိုး ထောင်တံတိုင်းပမာ စားပွဲပေါ်တင်လိုက်တယ် တောင်ထိပ်ကို တိမ်မြူဖုံးမယ် တော်လှန်ရေးမှာ အဖေများမယ် သမီးရည်းစားတွေ ကြည်နူးစွာ တဦးဆံပင် တဦး ကြည်ကြည်ဖြူဖြူ ဆွဲကုပ်မယ် တိရစ္ဆာန်လို အော်ဟစ်မယ် ရှုခင်

ကဗျာအသံ အစီအစဉ် ၆
မေးခွန်းများ
၃၁.၀၁.၂၀၂၃

မေးခွန်းများ ဟောလိဝုဒ် ဇာတ်ဝင်ခန်းတွေထဲကနေ ငါ ခိုးခဲ့တဲ့ ဝါကျတွေ ကြိုက်ရဲ့လား မခံစားမိဘူးလား လိင်ပွင့်လင်းတဲ့ အခန်းတွေကို ဝါးတားတားဆင်ဆာလိုက်လုပ်ရတာ မပျင်းဘူးလား အဆောင်နံရံပေါ်က ကြီးမြတ်စုတ်ပဲ့လှတဲ့ နိုင်ငံနာမည်နဲ့ အရက်ကြော်ငြာရင်သားဖင်သားများ မနာကျင်ခဲ့ရဘူးလား အောက်ခံဘောင်းဘီအနီရောင်နဲ့ သူတို့ဟာ တော်လှန်ရေးရဲ့ သားပျိုသမီးပျိုစစ်ရဲ့လား မအံ့ဩဘူးလား ပျားအုံ ခံစားမှုရဲ့ ငါးလောင်

Photo - HlineKoHline
ယုန်တွင်း
၂၆.၀၁.၂၀၂၃

ယုန်တွင်း သူတို့ ဘာကိုမှ မယုံ တော့ဘူးလို့ အားလုံးက ယုံကြည် နေကြပြီ ဟိုမှာ ကြည့်စမ်း နှင်းတွေလို့ပြောရင် အဲဒါ သဲမုန်တိုင်းပါ ကျိန်စာကြောင့် ဖြစ်တာလို့ ပြန် ဖြေတယ် ဒါကတော့ ကြေကွဲနေတဲ့ ယုန်ကလေးပါကွာ ဆိုရင် အဲဒီယုန် ရေအောက်မှာ ရက်စက်တဲ့ သတ္ထုပြားတွေ ရှိတယ် ကမ္ဘာပေါ်က လက် တွေကို ငုံးတိဖြစ် အောင် သူလုပ်ခဲ့တာ တဲ့ ဒီ မြေကမ္ဘာကိုတော့ ငြင်းမရပါဘူးကွာ ကဲ ေျပာပါဦး ဆိ

Author Ko Lynn Khar

သရဲရှိမရှိ ငြင်းခုန်မှုဟာ ခင်ဗျားအပေါ်မှာပဲ မူတည်တယ်။ ပျော်ကြပါစေ

ဆက်သွယ်ရန် :

Powered By Reach.